Sunday, September 5, 2010

ချစ်သူနှင်းဆီ

တာရာရဲ့ ချစ်သူနှင်းဆီပါ။ ရေးတဲ့သူ နာမည်က ဖိုးခွားလို့ ထင်ပါတယ်။

ချစ်သူနှင်းဆီ

ရာဇဝင်ထဲမှာမေ

မင်းခေါင် ရဲ့ ခြေရာ အခွေထဲက သီချင်းပါ။ နောက်ပိုင်းတော့ စည်သူလွင် ပြန်ဆိုတယ် ထင်ပါတယ်။ ရေးတဲ့သူကတော့ ဝင်းမင်းထွေးပါ။ မူရင်း သီချင်းကတော့ Santa Esmeralda ရဲ့ You're my everything ပါ။ စိုးသူရဲ့ အရာရာမင်းပါမေနဲ့ အလိုက်ချင်း တူပါတယ်။

ရာဇဝင်ထဲမှာမေ

အဆောင်သူ အလွမ်းပြေ

အောင်နိုင်ရဲ့ သီချင်းပါ။ နောက်ပိုင်းတော့ ဟဲလေး ပြန်ဆိုထားပါတယ်။

အဆောင်သူ အလွမ်းပြေ

Monday, August 30, 2010

၈/၈၂ အင်းလျား

မွန်းအောင် ရဲ့ ၈/၈၂ အင်းလျား ပါ။
၈/၈၂ အင်းလျား

Saturday, August 28, 2010

အခါလွန်မိုး

ထူးအိမ်သင်ရဲ့ အခါလွန်မိုး ပါ။ အောင်ရင်လည်း ဆိုဖူးပါတယ်။

အခါလွန်မိုး

Monday, August 23, 2010

ချစ်သူ့ရင်ခွင်

ဖိုးချိုရဲ့ ချစ်သူ့ရင်ခွင် သီချင်းပါ။ ဖိုးချိုပဲ ရေးတယ်လို့ ထင်ပါတယ်။

ချစ်သူ့ရင်ခွင်

ချစ်တိုင်းလည်းမညား

ထူးအိမ်သင်ရဲ့ သက်ငြိမ် အခွေထဲက ချစ်တိုင်းလည်းမညားပါ။ ကလိုမှူး ရေးပါတယ်။

ချစ်တိုင်းလည်းမညား

Sunday, August 22, 2010

တဖက်သတ်

ဗလ ရဲ့ ဒုတိယအခွေ ထဲက သီချင်းပါ။ ရေးတဲ့သူ နာမည်ကို G.K လို့ ရေးထားပါတယ်။

G.K ဆိုတာ ရွှေဂျော်ဂျော်နဲ့ ကျော်ခေါင် နှစ်ယောက် ပေါင်းရေးတဲ့ သီချင်းလို့ ကြားဖူးပါတယ်။

တဖက်သတ်

ပျက်သုဉ်းခြင်း

နေရာသစ် အခွေထဲက ဇော်ဝင်းထွဋ်ရဲ့ သီချင်းပါ။ မောင်မောင်ဇော်လတ် ရေးပါတယ်။ ငယ်ငယ်တုန်းက အိမ်နီးချင်းတွေကို အသံနဲ့ နှိပ်စက်နေကျ သီချင်းတွေထဲက တစ်ပုဒ်လို့လည်း ပြောလို့ရပါတယ်။ :D

ပျက်သုဉ်းခြင်း

Saturday, August 21, 2010

သိင်္ခဏီ

မျိုးနိုင်(မန်း) ရဲ့ သိင်္ခဏီ စီးရီးရဲ့ ခေါင်းစဉ် သီချင်းပါ။ အဲဒီ စီးရီးက မန္တလေးမှာ နာမည်ကြီးခဲ့တယ် ဆိုပေမယ့် ရန်ကုန်မှာတော့ မကြားဖူးကြသလောက်ပါပဲ။

သိင်္ခဏီ

Thursday, August 19, 2010

ကြိုမောနေတယ်

ကြိုမောနေတယ်က ပဥ္စဂံတေးစု ထဲက အောင်ရင် ရဲ့ သီချင်းပါ။ သီချင်းရေးတဲ့သူကတော့ ရွှေဂျော်ဂျော်လို့ ထင်တာပဲ။ မမှတ်မိတော့ဘူး။

ကြိုမောနေတယ်

Wednesday, August 18, 2010

နှင်းဆီပန်သူ

ကိုမောင်မောင် (အဥ္စလီ) ရေးပြီး ခင်မောင်တိုး ဆိုထားတဲ့ နှင်းဆီပန်သူပါ။

တောင်းဆိုထားတဲ့သူကတော့ မစင်စင် ဖြစ်ပါတယ်။ သီချင်းနာမည်နဲ့ ဟိုအစ်မကြီး တစ်ယောက် အီးမေးလ် လိပ်စာနဲ့ တိုက်ဆိုင်သွားတာကတော့ တိုက်ဆိုင်မှုပါ။ :D

နှင်းဆီပန်သူ

သီချင်းက ဆိုနေကျ မဟုတ်တော့ နည်းနည်း ထောင့်နေတယ်။

Tuesday, August 17, 2010

အမေ့ရဲ့ ဒုက္ခအိုးလေး

ထူးအိမ်သင်ရဲ့ အမေ့ရဲ့ ဒုက္ခအိုးလေးပါ။ 

သီချင်းစာသားနဲ့ ကျွန်တော်နဲ့ တိုက်ဆိုင်နေလို့လား မသိဘူး။ ဒီသီချင်းကို ခဏခဏ တီးဖြစ် ဆိုဖြစ်တယ်။ သီချင်းစာသားထဲကလို အသည်းတော့ မကွဲပါဘူး။ အခုလက်ရှိ အကောင်းပကတိပါပဲ။ :D

အမေ့ရဲ့ ဒုက္ခအိုးလေး

Monday, August 16, 2010

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင် ဆိုဖူးတဲ့ ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ ပါ။ စိုင်းထီးဆိုင် သီချင်းထဲမှာ ကောင်းကောင်းကန်းကန်း တီးတတ်တာ ဒီ ၂ပုဒ်ပဲ ရှိပါတယ်။ ဒါတောင်မှ ငယ်ငယ်တုန်းက သင်ပေးတဲ့သူ ရှိလို့ပါ။

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ရင်ခုန်သံသီချင်း

ရင်ခုန်သံ သီချင်းကတော့ ကိုယ်တိုင် ရေး/ဆိုထားတဲ့ သီချင်းပါ။

ကိုယ်ပိုင်သံစဉ်တော့ မဟုတ်ပါဘူး။ Ozzy Osbourne ရဲ့ Dreamer ကို ကူးထားပါတယ်။ မူရင်းသီချင်းကို Audacity Software နဲ့ တည်းဖြတ်ပြီး ကျွန်တော့် အသံ ထည့်ထားတာပါ။


ရင်ခုန်သံ သီချင်း


ဘာတွေမှန်း မသိဘူး ဆိုလို့ သီချင်းစာသား ရေးပေးလိုက်ပါတယ်။

ကမ်းခြေမဲ့ရာ အလွမ်းတွေနဲ့အတူ လွင့်မျောကာ
ငါ့အနာဂတ်တွေ တစစီ ပြိုကွဲနေ
ရှေ့ဆက်တိုးစရာ မဖြစ်နိုင်တဲ့ အခါ ငါ့ကမ္ဘာဟာ ပြိုလဲ

ညအမှောင်ထဲမှာ တေးသီနေတဲ့ မိစ္ဆာတစ်ကောင်
နှလုံးအိမ်ထဲမှာ သွေးတွေ ယိုဆင်းနေ
မှေးစက်နားစရာ ဘဝရင်ခွင်လည်း ပျောက်ကွယ်ကာ အဖော်မဲ့

ရင်ခုန်သံ သီချင်းတွေ ဟစ်ကြွေးရင်း ငိုကြွေး
ရင်ထဲက သီချင်းတွေ ဆိုညည်းရင်းနဲ့ အဝေး

လွမ်းဆွတ်ခြင်းဟာ မီးတောင် တစ်ခုလို လောင်မြိုက်နေ
ရူးသွပ်ဆဲလေ ငါ့အိပ်မက်များစွာ
အတိတ်အိမ်တစ်ခုမှာ မြှုပ်နှံခဲ့ပြီ ချစ်သူရေ ကြေကွဲ

ငါ့ရင်ထဲက အလွမ်းရဲ့ ဝေဒနာ ပြင်းထန်နေ
အတွင်းကြေ ကျွမ်းလောင် ငါ့ရဲ့ အလွမ်းမီး
အဝေးဆီလွင့်ပြယ် ငါ့ရဲ့ မျှော်လင့်ခြင်းတွေနဲ့
နှလုံးအိမ်တစ်ခုဟာ ဖျားနာ သေဆုံးပြီး

တမ်းတခြင်းဟာ အဓိပ္ပါယ်မဲ့တာ သိနေတယ်
မဖြစ်နိုင်တဲ့ အရာတစ်ခုလို ငါတွေးကာ
ပျောက်ပျယ်သွားအောင် အားယူတဲ့အခါ မဖြစ်နိုင်တယ် ရင်ထဲ

ရင်ခုန်သံ သီချင်းတွေ ဟစ်ကြွေးရင်း ငိုကြွေး
ရင်ထဲက သီချင်းတွေ ဆိုညည်းရင်းနဲ့ အဝေး
ရင်ခုန်သံ သီချင်းတွေ ဆိုညည်းဖြစ်နေခဲ့ အခုတော့
ရင်ထဲက သီချင်းတွေ တေးသီရင်းနဲ့ ငိုကြွေး

Sunday, August 15, 2010

ခတ္တာ

ခိုင်ထူးရဲ့ ခတ္တာ ဆိုတဲ့ သီချင်းပါ။ ကိုနေဝင်း ရေးပါတယ်။

ခတ္တာ

ရက်ရက်စက်စက်

ဒီသီချင်းကတော့ စောခူဆဲရဲ့ အမြင့်ဆုံးမှာ စီးရီးထဲက သီချင်းပါ။ စောခူဆဲ ကိုယ်တိုင် ရေးထားပါတယ်။ ၁၉၈၅-၈၆ ဝန်းကျင်လောက်က ထွက်ခဲ့တယ်လို့ ထင်ပါတယ်။

ရက်ရက်စက်စက်

Saturday, August 14, 2010

ချစ်စံအိမ်

ဒီသီချင်းကတော့ အကြင်နာအိပ်မက်ထဲက အောင်ရင် ဆိုထားတဲ့ ချစ်စံအိမ် ဆိုတဲ့ သီချင်းပါ။ သီချင်းရေးတာတော့ ဘယ်သူလည်း မမှတ်မိပါ။ အောင်ရင် မဆိုခင်က စောဖြူ ဆိုခဲ့ဖူးပါတယ်။ Intro နဲ့ Solo ပိုဒ်တွေကို စောဖြူ သီချင်းထဲက အတိုင်း တီးထားပါတယ်။ ဆိုတဲ့သူကတော့ ကျွန်တော်ပါပဲ။ အောက်ကလင့်ခ်မှာ နားထောင်ကြည့်ပါ။

ချစ်စံအိမ်

ခြင်္သေ့လည်ပြန် (သို့) ပြန်ညှိရမယ့် ကာရန်

တေးရေး က စိုင်းခမ်းလိတ် ပါ။ မူရင်း အဆိုတော် ကတော့ စိုင်းထီးဆိုင်ပါ။  တီးပြီး ဆိုထားတဲ့ သူကတော့ ကျွန်တော်ပါ။ အဟဲ။ အောက်က လင့်ခ်ကို နှိပ်ပြီး နားထောင်ကြည့်ပါ။

ခြင်္သေ့လည်ပြန်